ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန နှစ် (၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ညစာစားပွဲကို ၁၆-၁-၂၀၂၆ ရက်နေ့ ၁၈း၀၀ နာရီအချိန်တွင် ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နှစ် (၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းသည့် ဝန်ထမ်းများအား သွေးလှူရှင်ဆု ချီးမြှင့်ပေးခဲ့ပါသည်။
အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပင်စင်ဦးစီးဌာန ဝန်ထမ်းများက အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ရာတွင် ဆုရရှိခဲ့သည့် ဝန်ထမ်းများအား ဆုများချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ၂၁း၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော် အဖွင့်အမှာစကား ပြောကြားစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော်က နှစ်(၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းသည့် ဝန်ထမ်းများအား သွေးလှူရှင်ဆု ချီးမြှင့်စဉ်

ပင်စင်ဦးစီးဌာန၊ ဝန်ထမ်းများက ကပြဖျော်ဖြေစဉ်

ပင်စင်ဦးစီးဌာန၊ ဝန်ထမ်းများက ကပြဖျော်ဖြေစဉ်

ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက သီဆိုဖျော်ဖြေစဉ်

ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက သီဆိုဖျော်ဖြေစဉ်

တက်ရောက်လာကြသော ဧည့်သည်တော်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံစဉ်

တက်ရောက်လာကြသော ဧည့်သည်တော်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံစဉ်

တက်ရောက်လာကြသော ဧည့်သည်တော်များက သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးစဉ်

ပင်စင်ဦးစီးဌာန နှစ် (၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ညစာစားပွဲ ကျင်းပနေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပင်စင်ဦးစီးဌာနမှ မင်္ဂလာပါမြန်မာအကအဖွဲ့အား ဆုချီးမြှင့်နေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပင်စင်ဦးစီးဌာနမှ ပထမဆုရရှိသော အကအဖွဲ့အား ဆုချီးမြှင့်နေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပင်စင်ဦးစီးဌာနမှ ဒုတိယဆုရရှိသော အကအဖွဲ့အား ဆုချီးမြှင့်နေစဉ်

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပင်စင်ဦးစီးဌာနမှ နှစ်သိမ့်ဆုရရှိသော အကအဖွဲ့အား ဆုချီးမြှင့်နေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးက ပင်စင်ဦးစီးဌာနမှ စိတ်ကြိုက်သီချင်းသီဆိုမှု ပထမဆုရရှိသူအား ဆုချီးမြှင့်နေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဇနီးက ပင်စင်ဦးစီးဌာနမှ စိတ်ကြိုက်သီချင်းသီဆိုမှု ဒုတိယဆုရရှိသူအား ဆုချီးမြှင့်နေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဇနီးက ပင်စင်ဦးစီးဌာနမှ စိတ်ကြိုက်သီချင်းသီဆိုမှု တတိယဆုရရှိသူအား ဆုချီးမြှင့်နေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော်က ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်
