ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄) တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပင်စင်အကျိုးခံစားခွင့် တွက်ချက်ခြင်း၊ ခွင့်ပြုခြင်းများ လေ့လာသင်ယူမည့် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန ရုံးအမှတ် (၃၄) တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပင်စင်အကျိုးခံစားခွင့် တွက်ချက်ခြင်း၊ ခွင့်ပြုခြင်းများ လေ့လာသင်ယူမည့် သင်တန်း ဖွင့်ပွဲအခမ်းအနားအား ၁-၉-၂၀၂၅ ရက်နေ့တွင် ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ် စီမံခန့်ခွဲရေးဌာနခွဲရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးများ၊ သင်ကြားပို့ချပေးမည့် သက်ဆိုင်ရာအရာထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ အရာထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်စဉ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျေးဇူတင်စကားပြောကြားစဉ်