ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ပင်စင်လုပ်ငန်းဆိုင်ရာ အထောက်အကူပြုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၉-၂-၂၀၂၆ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရုံးအမှတ် (၃၄) ရှိ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင် နှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများအား စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်၊ ပင်စင်အကျိုးခံစားခွင့် စိစစ်တွက်ချက်ခြင်းနှင့် ငွေပေးမိန့်ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်တို့အား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ ရုံးလုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းတွင် ရုံးချုပ်ရှိ ဝန်ထမ်းများအား In-Person နည်းလမ်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား Online စနစ်ဖြင့် လည်းကောင်း သင်ကြားမည်ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားစဉ်

ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများ တက်ရောက်စဉ်

ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများ တက်ရောက်စဉ်

သင်တန်းသား / သင်တန်းသူများ တက်ရောက်စဉ်

သင်တန်းသား / သင်တန်းသူများ တက်ရောက်စဉ်

တိုင်းဒေသကြီး/ပြည်နယ်များမှ Online စနစ်ဖြင့် တက်ရောက်စဉ်
