ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/သူများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊
ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/သူများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားအား ၂၇-၇-၂၀၂၆ ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကြည်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊  ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေရှိ အရာထမ်း၊ အမှုထမ်းများမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်စဉ်

ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေရှိ အရာထမ်း၊ အမှုထမ်းများမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်စဉ်

ညွှန်ကြားရေးမှူးချုပ်မှ အထက်တန်းကျောင်းသား/သူများကိုယ်စားကျောင်းသားမိဘ (၁) ဦးအား ပညာသင်ထောက်ပံ့ကြေးငွေပေးအပ်စဉ်

ညွှန်ကြားရေးမှူးချုပ်မှ အလယ်တန်းကျောင်းသား/သူများကိုယ်စားကျောင်းသားမိဘ (၁) ဦးအား ပညာသင်ထောက်ပံ့ကြေးငွေပေးအပ်စဉ်

ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မူလတန်းကျောင်းသား/သူများကိုယ်စားကျောင်းသားမိဘ (၁) ဦးအား ပညာသင်ထောက်ပံ့ကြေးငွေပေးအပ်စဉ်

ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြည်ထောင်စုနယ်မြေနှင့်တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများကိုယ်စား ပြည်ထောင်စုနယ်မြေမှအရာထမ်း (၁) ဦးအား ပညာသင်ထောက်ပံ့ကြေးငွေပေးအပ်စဉ်