လုပ်ငန်းကျွမ်းကျင်မှုသင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားအား ၃-၈-၂၀၂၆ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ရုံးအမှတ် (၃၄)၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော် ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက် ကြပါသည်။ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို အရာထမ်း/အမှုထမ်း (၄၀) ဦး ၁၂-၅-၂၀၂၆ ရက်နေ့ မှစ၍ ရက်သတ္တပတ် (၁၁) ပတ် ကြာ ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ထူးချွန်ဆုချီးမြှင့်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားစဉ်

သင်တန်းဆင်းပွဲအခမ်းအနားကျင်းပစဉ်

ပထမဆုရရှိသည့် သင်တန်းသူအား ဆုချီးမြှင့်စဉ်

ဒုတိယဆုရရှိသည့် သင်တန်းသူအား ဆုချီးမြှင့်စဉ်

တတိယဆုရရှိသည့် သင်တန်းသူအား ဆုချီးမြှင့်စဉ်

ပူးတွဲ တတိယဆုရရှိသည့်သင်တန်းသူအား ဆုချီးမြှင့်စဉ်

သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းဆင်းလက်မှတ်များ လက်ခံရယူစဉ်