စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပင်စင်ဦးစီးဌာနနှင့်ထိုင်းနိုင်ငံ၊နိုင်ငံခြားရေး ဝန်ကြီးဌာန၊အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TICA)တို့ Teleconference အစည်းအဝေးကျင်းပဆောင်ရွက်ခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TICA)တို့ Teleconference အစည်းအဝေးကို ၂၆-၁၁-၂၀၂၁ ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် ပင်စင်ဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာနဘက်မှ  ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းနှင့် အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ TICA ဒါရိုက်တာ Mr. Charintip Yosthasan ဦးဆောင်သည့်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံး၏ ပထမအတွင်းဝန် Mr. Wuthikiat Chaicharna နှင့် ထိုင်းနိုင်ငံအစိုးရပင်စင်ရန်ပုံငွေအဖွဲ့၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနှင့်ထိုင်းဘက်မှ တက် ရောက်သူ ကိုယ်စားလှယ်များအား မိတ်ဆက်ကြပြီး ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးမင်းဇော်ဝင်းမှ မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းပင်စင်စနစ်၏ လက်ရှိအခြေအနေများ၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု အခြေအနေများ၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံ ငွေ ထူထောင်ဆောင်ရွက်မှုနှင့် ITနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး ထိုင်း နိုင်ငံဘက်မှလည်း မြန်မာနိုင်ငံ၊ ပင်စင်ဦးစီးဌာနသို့ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် IT စနစ်တိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့်ကိစ္စရပ်များအား ရှင်းလင်းဆွေး နွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ထိုင်းနိုင်ငံ TICA ဘက်မှလည်း လိုအပ်သည့် အချက် အလက် များ တောင်းခံသွားမည် ဖြစ်ပြီး ပင်စင်ဦးစီးဌာနဘက်မှလည်း ပေးပို့နိုင်ရေးအတွက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးကို နံနက်(၁၁:၀၀)နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။