ပင်စင်ငွေပေးမိန့်ထုတ်ပြန်ရာတွင် အမှတ်တံဆိပ်ကပ်နှိပ်ရေး ရှင်းလင်းတင်ပြခြင်း အစည်းအဝေး ကျင်းပခြင်း

ပင်စင်ငွေပေးမိန့်ထုတ်ပြန်ရာတွင် အမှတ်တံဆိပ်ကပ်နှိပ်ရေး ရှင်းလင်းတင်ပြခြင်း အစည်းအဝေးအား ၂၈-၄-၂၀၂၃ ရက်နေ့၊ ၁၈:၃၀ နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့်တကွ အစည်းအဝေး တက်ရောက်လာသူများအား D.I.S Technology Co.,Ltd မှ လုပ်ငန်းစဉ်ရေးဆွဲဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ပင်စင်ဦးစီးဌာနမှလည်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခြင်း များ ဆောင်ရွက်ကာ အစည်းအဝေးကို ၁၉:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးမှ အမှာစကား ပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းတင်ပြစဉ်

D.I.S Technology Co.,Ltd မှ လုပ်ငန်းစဉ်ရေးဆွဲဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြစဉ်

ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်