ပင်စင်ဦးစီးဌာနတွင်း ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပခြင်း

ပင်စင်ဦးစီးဌာနတွင်း ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်း အဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကို ၂၉-၁၀-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဌာနတွင်းလုပ်ငန်း အဖွဲ့၏ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးမင်းဇော်ဝင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဌာနတွင်း လုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြား၍ ဌာနတွင်း လုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူး ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမိုးကြည်မှ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်းအပေါ် ပြန်လည်ပြင်ဆင်မည့် ဥပဒေပုဒ်မများ နှင့် စပ်လျဉ်း၍ ပုဒ်မတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနတွင်းလုပ်ငန်းအဖွဲ့ဝင်များမှလည်း ဆွေးနွေးခြင်းများ၊ အကြံပြုမှတ်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို ညနေ (၄:၀၀)နာရီ တွင် ရုပ်သိမ်းခဲ့ပါ သည်။