ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ပင်စင်ဦးစီးဌာန၊ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနား ကို ၁၂-၅-၂၀၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄) စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ပင်စင်ဦးစီးဌာနမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ယခုဖွင့်လှစ်သည့် သင်တန်းတွင် ပင်စင်ဆိုင်ရာဘာသာရပ် အပါအဝင် ဌာနတွင်း ဘာသာရပ် (၆) ခုတို့ကို သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး ပင်စင်ဦးစီးဌာနမှ ဦးစီးအရာရှိ အဆင့် (၁၂) ဦး၊ ဦးစီးမှူးအဆင့် (၅) ဦး၊ စိစစ်ရေးမှူး-၃ အဆင့် (၈) ဦး၊ စိစစ်ရေးမှူး-၄ အဆင့် (၁၅) ဦး၊ စုစုပေါင်း ဝန်ထမ်း (၄၀) ဦးဖြင့် ရက်သတ္တပတ် (၁၁) ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားစဉ်

ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်းသူတို့မှ တက်ရောက်စဉ်

ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်းသူတို့မှ တက်ရောက်စဉ်
