ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီ၏ (၁/၂၀၂၁) အစည်းအဝေးကျင်းပခြင်း

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီ ၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ၁၂-၁၀-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ဆပ်ကော်မတီ အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ ပါသည်။ အစည်းအဝေးတွင် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကြမ်းပြန်လည်စိစစ်ရေးနှင့် နည်းဥပ ဒေရေးဆွဲရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ အဖွင့်အမှာစကား ပြောကြား၍ ဆပ်ကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပင်စင်စနစ်ပြုပြင်ပြောင်းလဲ ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကြမ်း ပြုစုထားမှုနှင့် အကောင် အထည်ဖော်မည့် ပုံစံမူကြမ်း (Model) အား ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ်ရေး နှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီအဖွဲ့ဝင်များမှလည်း ဆွေးနွေးညှိနှိုင်းခြင်းများ ၊ အကြံပြု မှတ်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၂:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။