ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးလုပ်ငန်း အထောက်အကူပြုဆပ် ကော်မတီနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲ ရေးဆပ်ကော်မတီတို့၏ (၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

၁၉-၅-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးလုပ်ငန်း အထောက်အကူ ပြုဆပ်ကော်မတီနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေး ဆွဲရေးဆပ်ကော်မတီတို့၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးအား ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ ဦးဆောင်၍ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော်ရေးလုပ်ငန်း အထောက်အကူပြု ဆပ်ကော်မတီဝင်များနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းပြန်လည်စိစစ် ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားပြီး ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင် ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမိုးကြည်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကြမ်း ပြင်ဆင်နေမှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ညှိနှိုင်းအစည်းအဝေးအား (၁၂:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမိုးကြည်မှ ရှင်းလင်းတင်ပြစဉ်

မြန်မာ့စီးပွားရေးဘဏ်၊ ဒုတိယအထွေထွေမန်နေဂျာမှ ဆွေးနွေးပြောကြားစဉ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ နိဂုံးချုပ်အမှာစကားပြောကြားစဉ်