ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ထူထောင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေ အနေများနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ရုံး တည်ဆောက်ရန် မြေပြုပြင် ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

၁၃-၇-၂၀၂၂ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေထူထောင်ရေး အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေ အနေများနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ရုံး တည်ဆောက်ရန် မြေပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်မှ ဦးဆောင်၍ ကျင်းပဆောင်ရွက်ခဲ့ ပါသည်။အဆိုပါအစည်းအဝေးသို့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီ၏ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး၊ ငွေချေးသက်သေ ခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း၊  ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းတို့ တက်ရောက်ခဲ့ ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်မှ အဖွင့်အမှာစကားပြောကြားပြီး  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ထူထောင်ဆောင်ရွက်မှု အခြေ အနေနှင့်ပတ်သက်၍ တင်ပြခဲ့ပါသည်။ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေ ထူထောင်ရသည့် နောက်ခံအကြောင်းအရင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းနှင့် အကောင်အထည်ဖော်မည့်ပုံစံ၊ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပါသည်။  

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ညှိနှိုင်းအစည်းအဝေး အား ညနေ (၁၆:၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားစဉ်

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားစဉ်

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြစဉ်

 

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြစဉ်

 

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြစဉ်