စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော စိစစ်ရေးမှူး-၄ ရာထူး (၄) နေရာဖြည့်စွက်ခန့်ထားရေးအတွက် ရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်ခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော စိစစ်ရေးမှူး-၄ ရာထူး (၄) နေရာအတွက် ပြင်ပမှပုဂ္ဂိုလ်များမှ ခေါ်ယူဖြည့်စွက်ခန့်ထားရေးအတွက် ရေးဖြေစာမေးပွဲ ကို ၈-၂-၂၀၂၃ ရက်နေ့တွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၄)၊ ပင်စင်ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကျင်းပပြုလုပ်နေစဉ်အတွင်း ပင်စင်ဦးစီးဌာန၏ ညွှန်ကြား‌ရေးမှူးချုပ်မှ စာမေးပွဲလာရောက်ဖြေဆိုသူများအား ရင်းရင်းနှီးနှီးလာရောက် တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေးစဉ်

ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ပင်စင်ဥပဒေသုံးသပ် ပြင်ဆင်ရေး အထောက်အကူပြုအဖွဲ့၏ ၂/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ၂၆-၁-၂၀၂၃ ရက်နေ့ ၊ ၁၄:၀၀ နာရီတွင် ပင်စင်ဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဥပဒေသုံးသပ် ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့် နှင့် ပင်စင်ဥပဒေ သုံးသပ်ပြင်ဆင်ရေး အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အဖွင့်အမှာစကားပြောကြားပြီး၊ ပင်စင်ဥပဒေ သုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဉီးမိုးကြည်က ပင်စင်ဥပဒေ သုံးသပ်ပြင်ဆင်ရေးအဖွဲ့၏ ၁/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဌာနခွဲများမှ ပင်စင်အမျိုးအစားအလိုက်ပြင်ဆင်သင့်သည့် အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ပင်စင်အမျိုးအစားအလိုက် ပြင်ဆင်သင့်သည့် အချက်အလက်များ ရှာဖွေပြုစုတင်ပြရေးအဖွဲ့မှ ပင်စင်အမျိုးအစားအလိုက် ပြင်ဆင်သင့်သည့် အချက် အလက်များအား ရှင်းလင်းတင်ပြကြပါသည်။ အဆိုပါ ရှင်လင်းချက်များနှင့်စပ်လျဉ်း၍ အစည်းအဝေးသို့ တက်ရောက်သည့် အထောက်အကူပြုအဖွဲ့ဝင်များက ပြင်ဆင်သင့်သည့်ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပြီး အကြံပြုဆွေးနွေးချက်များအပေါ် ဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး ၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီးနောက် ၁၆:၀၀ နာရီတွင် အစည်းအဝေးရုပ်သိမ်းခဲ့ပါသည်။

ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားစဉ်

ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားစဉ်

အတွင်းရေးမှူးမှ ရှင်းလင်းတင်ပြစဉ်

ပင်စင်အချက်အလက်ရှာဖွေပြုစုတင်ပြရေးအဖွဲ့ဝင်(၁)ဦးမှ ရှင်းလင်းတင်ပြစဉ်

ပင်စင်အချက်အလက်ရှာဖွေပြုစုတင်ပြရေးအဖွဲ့ဝင်(၁)ဦးမှ ရှင်းလင်းတင်ပြစဉ်

အဖွဲ့ဝင်(၁)ဦးမှ ဖြည့်စွက်ဆွေးနွေးစဉ်

အဖွဲ့ဝင်(၁)ဦးမှ ဖြည့်စွက်ဆွေးနွေးစဉ်

အဖွဲ့ဝင်(၁)ဦးမှ ဖြည့်စွက်ဆွေးနွေးစဉ်

အစည်းအဝေးကျင်းပပြုလုပ်စဉ်

 

ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့ကို ၁၉-၁-၂၀၂၃ ရက်စွဲပါ ရုံးအမိန့် အမှတ် (၂) ၊ အမှတ် ၁၂/၂၀၂၃ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သဖြင့် အဆိုပါအဖွဲ့၏ ၁/၂၀၂၃ ကြိမ်မြောက်အစည်းအဝေးကို ၁၉-၁-၂၀၂၃ ရက်နေ့ ၊ နေ့လယ် (၁၅း၀၀) နာရီတွင် ပင်စင်ဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေး အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့် ၊ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း နှင့် ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေး အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌ ၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အဖွင့်အမှာစကားပြောကြားပြီး ၊ ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေး အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ၊ ညွှန်ကြားရေးမှူး ဉီးမိုးကြည်က စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၁၇-၁-၂၀၂၃ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၈/၂၀၂၃ ဖြင့်ဖွဲ့စည်းခဲ့သော ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေး အဖွဲ့၏လုပ်ငန်းတာဝန်များ ၊ ပင်စင်ဦးစီးဌာန၏ ၁၉-၁-၂၀၂၃ ရက်စွဲပါ ရုံးအမိန့်အပိုင်း (၂) ၊ အမှတ် ၊ ၁၂/၂၀၂၃ ဖြင့် ဖွဲ့စည်းခဲ့သော ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့၏ လုပ်ငန်းတာဝန်များ ၊ လက်ရှိကျင့်သုံးနေသောဥပဒေများနှင့် နည်းဥပဒေများ ဆုံးဖြတ်ချက်ခံယူရမည့် အချက်တို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါတင်ပြချက်များ နှင့်စပ်လျဉ်း၍ အစည်းအဝေးသို့ တက်ရောက်လာသည့်အထောက်အကူပြုအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြင်ဆင်သင့်သည့် ဥပဒေ ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပြီး အကြံပြုဆွေးနွေးချက်များ အပေါ် ဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် ညနေ (၁၆:၀၀) နာရီ တွင် အစည်းအဝေးရုပ်သိမ်းခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

အတွင်းရေးမှူးမှ ရှင်းလင်းတင်ပြစဉ်

ဒုတိယဥက္ကဋ္ဌမှ အကြံပြုဆွေးနွေးစဉ်

အဖွဲ့ဝင် (၁) ဦးမှ ဆွေးနွေးစဉ်

အဖွဲ့ဝင် (၁) ဦးမှ ဆွေးနွေးစဉ်

အဖွဲ့ဝင် (၁) ဦးမှ ဆွေးနွေးစဉ်

ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၏ (၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၁၆-၁-၂၀၂၃ ရက်နေ့ တွင် ကျရောက်သော (၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နံနက်ပိုင်း၌ ပင်စင်ဦးစီးဌာန၊ ဘုရားခန်းတွင် သံဃာတော် (၅) ပါးအား ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူး များနှင့် ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းများမှ ဆွမ်းခဲဖွယ်များ ဆက်ကပ်လှူဒါန်း၍ တရားတော် နာယူခဲ့ကြပါသည်။

ညနေပိုင်းတွင် ရုံးအမှတ် (၃၄) စုပေါင်းခန်းမ၌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပင်စင်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများသည် (၄၇) နှစ်မြောက် ပင်စင်ဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် နှစ်ပတ်လည်ညစာစားပွဲ အား ပါဝင်ဆင်နွဲခဲ့ပါသည်။ အဆိုပါ ညစာစားပွဲတွင် ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းများအား အမှတ်တရလက်ဆောင်များ ကံစမ်းမဲဖောက်ပေးခဲ့ကြပြီး ဝန်ထမ်းများမှလည်း တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပါသည်။

သံဃာတော်များမှ တရားဟောကြားစဉ်

 

ညွှန်ကြား‌ရေးမှူးချုပ်မှ တရားနာယူစဉ်

 

သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းစဉ်

 

သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းစဉ်

 

ဒုတိယဝန်ကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ နှစ်ပတ်လည်ညစာစားပွဲသို့ တက်ရောက်စဉ်

 

ဒုတိယဝန်ကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ နှစ်ပတ်လည်ညစာစားပွဲသို့ တက်ရောက်စဉ်

 

ဝန်ထမ်းများအား အမှတ်တရလက်ဆောင် ကံစမ်းမဲဖောက်ပေးစဉ်

 

နှစ်ပတ်လည်ညစာစားပွဲကျင်းပစဉ်

 

ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများမှ တေးသီချင်းများဖြင့် သီဆိုကပြစဉ်

 

ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦးမှ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေစဉ်

 

ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦးမှ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေစဉ်

 

သီဆိုဖျော်ဖြေသူတစ်ဦးအား ဆုချီးမြှင့်စဉ်

ညွှန်ကြားရေးမှူးချုပ်မှ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ပင်စင်စနစ် ပြုပြင်ပြောင်းလဲမှုဘာသာရပ် ပို့ချခြင်း

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဖွင့်လှစ်ပို့ချသည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၁) နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁၂) တို့တွင် “ပင်စင်စနစ်ပြုပြင် ပြောင်းလဲမှု” ဘာသာရပ်ကို ၆-၁-၂၀၂၃ ရက်နေ့တွင် သွားရောက်ဆွေးနွေးပို့ချခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ ပင်စင်စနစ်ပြုပြင်ပြောင်းလဲမှုဘာသာရပ်အား ဆွေးနွေးပို့ချစဉ်

 

ညွှန်ကြားရေးမှူးချုပ်မှ ပင်စင်စနစ်ပြုပြင်ပြောင်းလဲမှုဘာသာရပ်အား ဆွေးနွေးပို့ချစဉ်

 

သင်တန်းသားတစ်ဦးမှ ဆွေးနွေးစဉ်

 

ပင်စင်ဦးစီးဌာနဝန်ထမ်းများအတွက် အင်္ဂလိပ်စာအရည်အချင်းမြှင့်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနဝန်ထမ်းများအတွက် အင်္ဂလိပ်စာ အရည်အချင်းမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ၃-၁-၂၀၂၃ ရက်နေ့၊နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၄)ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အင်္ဂလိပ်စာသည် ကမ္ဘာသုံး ဘာသာစကားဖြစ်၍ ဝန်ထမ်းတိုင်း အင်္ဂလိပ်စာကို ကောင်းမွန်စွာရေးသားပြောဆိုနိုင်ရန် လိုအပ်ကြောင်း၊ သို့မှသာ မိမိလုပ်ငန်း နှင့်သက်ဆိုင်သည့် နိုင်ငံတကာဥပဒေ၊ နည်းဥပဒေ၊ စံချိန် စံညွှန်းများကို လေ့လာနိုင်ကြမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတကာနှင့် အာဆီယံကဲ့သို့သော ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် လည်းကောင်း၊ ညှိနှိုင်းဆွေးနွေးရာတွင်လည်းကောင်း ကောင်းမွန်စွာ ပြောဆိုဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ ပင်စင်ဦးစီးဌာနသည် ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ဝန်ထမ်းများအတွက် အကျိုးခံစားခွင့် ပင်စင်လစာများကို တွက်ချက်ထုတ်ပေးနေသော အရေးကြီးသည့်ဌာနတစ်ခုဖြစ်ကြောင်း၊ ယခုအခါ ပင်စင်စနစ်ကို လက်ရှိကျင့်သုံးနေသည့် သတ်မှတ်အကျိုးခံစားခွင့်စနစ် (Defined Benefit System) မှ ဝန်ထမ်းများက သက်ဆိုင်ရာနှုန်းထားဖြင့် သတ်မှတ်ထည့်ဝင်သည့်စနစ် (Defined Contribution System) သို့ ပြောင်းလဲကျင့်သုံးနိုင်ရန် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund – CPF) တည်ထောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများ နောင်ရေးအတွက် ကောင်းမွန်သည့်ပင်စင်စနစ်တစ်ခု ထူထောင်နိုင်ရန် နိုင်ငံတကာဥပဒေနှင့် ပင်စင်စနစ်များကိုလေ့လာ၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေမူကြမ်းကို ဆက်လက်ရေးဆွဲပြုစုလျက်ရှိကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်ကြသည့် သင်တန်းသား/သူများ အနေဖြင့် အင်္ဂလိပ်စာ၏အရေးပါမှုကို အလေးအနက်ထား၍ အခွင့်အလမ်းကောင်းတစ်ခုအဖြစ် ခံယူကျင့်သုံးပြီး မိမိတို့၏ အင်္ဂလိပ်စာအရည်အသွေး ပိုမိုတိုးမြင့် လာအောင် ကြိုးပမ်းလေ့လာသွားကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများဖြစ်သော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာန အောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၁၂၅) ဦးတက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်း အား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်မှုများနှင့်အညီ ရက်သတ္တပတ် (၈) ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဖွင့်ပွဲ အဖွင့်အမှာစကား ပြောကြားစဉ်

ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဖွင့်ပွဲ အဖွင့်အမှာစကား ပြောကြားစဉ်

သင်တန်းဖွင့်ပွဲတွင် ဖိတ်ကြားထားသော ဧည့်သည်များနှင့် သင်တန်းသားများအား တွေ့ရစဉ်

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့၏ (၅/၂၀၂၂) ကြိမ် မြောက်အစည်းအဝေး ကျင်းပခြင်း

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့၏ (၅/၂၀၂၂) မြောက် အစည်းအဝေးကို ၂၅-၁၁-၂၀၂၂ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ရုံးအမှတ်(၃၄)၊ ပင်စင်ဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော် ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်များအားလုံး စုံညီစွာ တက်ရောက်ကြသည်။ အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အဖွင့်အမှာ စကားပြောကြားပြီး  ဒုတိယဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းက အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်း နောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးမိုးကြည်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၄/၂၀၂၂) ကြိမ် မြောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆုံးဖြတ်ချက်ခံယူရမည့် အချက်များအားလည်းကောင်း၊ စာရင်းအင်း နှင့် ကွန်ပျူတာဌာနခွဲ၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဝါဝါအိစံက CPFMIS လုပ်ငန်း ဆောင်ရွက်မှုပုံစံ (Workflow)နှင့် အဖွဲ့ဝင်များ၏ ထည့်ဝင်ကြေးကောက်ခံခြင်း လုပ်ငန်းဆောင်ရွက်မှု ပုံစံတို့အား ရှင်းလင်းတင်ပြခဲ့ကြပါသည်။ အဆိုပါ တင်ပြချက်များနှင့်စပ်လျဉ်း၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ‌ကော်မတီဝင်များမှလည်း ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များအား ဝိုင်းဝန်းအကြံပြု ဆွေးနွေး ခဲ့ကြပါသည်။ ဆက်လက်၍ ကော်မတီဝင်များ၏ အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို နေ့လည် (၁၂:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားစဉ်

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌမှ အမှာစကားပြောကြားစဉ်

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြစဉ်

စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူးမှ CPFMIS လုပ်ငန်းဆောင်ရွက်မှု (Workflow)နှင့် အဖွဲ့ဝင်များ၏ ထည့်ဝင်ကြေးကောက်ခံခြင်း လုပ်ငန်းဆောင်ရွက်မှုပုံစံတို့ရှင်းလင်းတင်ပြစဉ်

အစည်းအဝေးကျင်းပနေစဉ်

 

 

 

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးကို ၁၀-၁၁-၂၀၂၂ ရက်နေ့၊ (၁၄:၀၀)နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် ကော်မတီဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများ မှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ကြသည်။ အစည်းအဝေး တွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး၊ ပင်စင် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုပုံစံ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့်ကိစ္စရပ်များ၊ ဥပ‌ဒေကြမ်းနှင့် သက်ဆိုင်သည့် အချက်များ၊ မူဝါဒခံယူရမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ‌ကော်မတီဝင်များမှလည်း အကောင်အထည်ဖော်မည့်ပုံစံနှင့် ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ကော်မတီဝင်များ၏ အကြံပြု ဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ညနေ (၄:၄၅) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားစဉ်

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကော်မတီအတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းတင်ပြစဉ်

ကော်မတီအတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းတင်ပြစဉ်

တွဲဖက်အတွင်းရေးမှူးမှ ရှင်းလင်းတင်ပြစဉ်

လူမှုဖူလုံရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်၊အကျိုးခံစားခွင့်ကိစ္စများအား ဒေါ်ယဥ်ယဥ်အုန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းတင်ပြစဉ်

အစည်းအဝေးတက်ရောက်လာကြသူများမှ ဆွေးနွေးပြောကြားစဉ်

အစည်းအဝေးတက်ရောက်လာကြသူများမှ ဆွေးနွေးပြောကြားစဉ်

အစည်းအဝေးတက်ရောက်လာကြသူများမှ ဆွေးနွေးပြောကြားစဉ်

အစည်းအဝေးတက်ရောက်လာကြသူများမှ ဆွေးနွေးပြောကြားစဉ်

အစည်းအဝေးတက်ရောက်လာကြသူများမှ ဆွေးနွေးပြောကြားစဉ်

အစည်းအဝေးတက်ရောက်လာကြသူများမှ ဆွေးနွေးပြောကြားစဉ်