ပင်စင်ဦးစီးဌာန၏ ၃/၂၀၂၃ ကြိမ်မြောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား ကျင်းပခြင်း

၅-၅-၂၀၂၃ ရက်နေ့၊ နေ့လည် (၀၂း၀၀) နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) မှ သက်ဆိုင်ရာဌာနခွဲ တာဝန်ခံများ၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများမှ တာဝန်ခံ များနှင့် အရာထမ်း၊ အမှုထမ်းများကလည်း Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ ဆောင်ရွက်ရမည့်ရုံးလုပ်ငန်းစဉ်များအား ပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ နိဂုံးချုပ်အမှာစကားပြောကြားစဉ်

ပင်စင်ငွေပေးမိန့်ထုတ်ပြန်ရာတွင် အမှတ်တံဆိပ်ကပ်နှိပ်ရေး ရှင်းလင်းတင်ပြခြင်း အစည်းအဝေး ကျင်းပခြင်း

ပင်စင်ငွေပေးမိန့်ထုတ်ပြန်ရာတွင် အမှတ်တံဆိပ်ကပ်နှိပ်ရေး ရှင်းလင်းတင်ပြခြင်း အစည်းအဝေးအား ၂၈-၄-၂၀၂၃ ရက်နေ့၊ ၁၈:၃၀ နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့်တကွ အစည်းအဝေး တက်ရောက်လာသူများအား D.I.S Technology Co.,Ltd မှ လုပ်ငန်းစဉ်ရေးဆွဲဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ပင်စင်ဦးစီးဌာနမှလည်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခြင်း များ ဆောင်ရွက်ကာ အစည်းအဝေးကို ၁၉:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးမှ အမှာစကား ပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းတင်ပြစဉ်

D.I.S Technology Co.,Ltd မှ လုပ်ငန်းစဉ်ရေးဆွဲဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြစဉ်

ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်

၁၃၈၄ ခုနှစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မိသားစုမဟာသင်္ကြန်ပွဲတော်တွင် ပင်စင်ဦးစီးဌာနမှ ပါဝင်ဆင်နွှဲခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ၆-၄-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၃၈၄ ခုနှစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မိသားစုမဟာသင်္ကြန် ပွဲတော်တွင် ပင်စင်ဦးစီးဌာနမှ ယိမ်းအကအဖွဲ့က “ရှာပုံတော်မင်းသားကြီး” သီချင်းဖြင့် ယိမ်းအက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဌာန၏ စတုဒီသာမဏ္ဍပ်တွင် မြန်မာ့ရိုးရာအစားအစာ ဖြစ်သော မုန့်လုံရေပေါ်ဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။ မိသားစုသင်္ကြန်ပွဲတော်တွင် ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများမှလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြပါသည်။

 

စတုဒီသာမဏ္ဍပ်တွင် ဧည့်ခံကျွေးမွေးရန် မုန့်လုံးရေပေါ်ပြင်ဆင်နေစဉ်

 

ညွှန်ကြားရေးမှူးချုပ်မှ ဝန်ကြီးဌာန မိသားစုမဟာသင်္ကြန်တွင် ပါဝင်ဆင်နွှဲစဉ်

 

ပင်စင်ဦးစီးဌဦန၊ ယိမ်းအဖွဲ့မှ ပါဝင်ဆင်နွှဲစဉ်

 

ပင်စင်ဦးစီးဌာန၊ စတုဒီသာမဏ္ဍပ်မှ မုန့်လုံးရေပေါ်ဖြင့် ဧည့်ခံကျွေးမွေးစဉ်

 

“ရှာပုံ‌တော်မင်းသားကြီး” သီချင်းဖြင့် ဖျော်ဖြေယှဉ်ပြိုင်သည့် ပင်စင်ဦးစီးဌာန၏ ယိမ်းအဖွဲ့အား တွေ့ရစဉ်

 

ပင်စင်ဦးစီးဌာန၏ ၂/၂၀၂၃ ကြိမ်မြောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၂/၂၀၂၃ ကြိမ်မြောက်ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ၅-၄-၂၀၂၃ ရက်နေ့၊ (၁၄:၀၀) အချိန်၌ ကျင်းပခဲ့ပါ သည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ သက်ဆိုင်ရာဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးများ၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား တွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများအား ထပ်ဆင့်လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်း များ သက်သာချောင်ချိရေးအတွက် စားသုံးဆီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ ပါသည်။

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသီချင်း (Theme Song) အား ရေးသားသီဆိုသူ ပင်စင်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဦးလင်းထက်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်စဉ်

 

ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စားသုံးဆီထောက်ပံ့ပေးမှုအား အရာထမ်းများကိုယ်စား ဦးစီးအရာရှိ၊ ဒေါ်ခင်ခင်စိုးမှ လက်ခံရယူနေစဉ်

 

ဒုတိယညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စားသုံးဆီထောက်ပံ့ပေးမှုအား အမှုထမ်းများကိုယ်စား ဒုတိယဦးစီးမှူး၊ ဒေါ်နှင်းဝေဖြိုးမှ လက်ခံရယူနေစဉ်

ပင်စင်ငွေပေးမိန့်လွှာများတွင် QR Code စနစ်ဖြင့် စိစစ်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပခြင်း

ပြည်တွင်းအခွန်များဦးစီးဌာန၊ ပင်စင်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ် ပူးပေါင်း၍ ပင်စင်ငွေပေးမိန့် လွှာများတွင် QR Code စနစ်ဖြင့် စိစစ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးအား ၂၃-၃-၂၀၂၃ ရက်နေ့ (ကြာသပတေးနေ့) ၊ နေ့လယ် (၁၂:၃၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေမန်နေဂျာ ဒေါ်ခင်ချိုဦးနှင့် တာဝန်ရှိသူများ၊ ပင်စင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ အဖွင့်အမှာစကား ပြောကြား၍ ပင်စင် ငွေပေးမိန့်လွှာများတွင် QR Code စနစ်ဖြင့် စိစစ်ဆောင်ရွက်မည့်လုပ်ငန်းစဉ် ဆောင်ရွက် ထားရှိမှုအပေါ် D.I.S Technology Co.,Ltd မှ ရှင်းလင်းတင်ပြခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များ မေးမြန်း၍ ဖြည့်စွက် ဆွေးနွေးခြင်း၊ အကြံပြုမှတ်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ညနေ (၁၄:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

 

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) တွင် (၁/၂၀၂၃) ကြိမ်မြောက် ဝန်ထမ်းများ၏ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်ခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) ၏ (၁/၂၀၂၃) ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၁၆-၂-၂၀၂၃ ရက်နေ့တွင် ရုံးအမှတ် (၃၄) စုပေါင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများအား ထပ်ဆင့်လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဝန်ထမ်း များမှ ဌာနအကျိုးပြု ဆန္ဒပြုတင်ပြမှုများပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ တင်ပြချက်များအား ပြန်လည်ဆွေးနွေးပေးခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

 

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

 

တက်ရောက်လာသည့်ဝန်ထမ်းများမှ ဆန္ဒပြုဆွေးနွေးတင်ပြစဉ်

 

တက်ရောက်လာသည့်ဝန်ထမ်းများမှ ဆန္ဒပြုဆွေးနွေးတင်ပြစဉ်

 

ဆန္ဒပြုတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနခွဲများမှ ပြန်လည်ဆွေးနွေးစဉ်

 

ဆန္ဒပြုတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနခွဲများမှ ပြန်လည်ဆွေးနွေးစဉ်

 

ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားစဉ်

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ ဒုတိယဦးစီးမှူးများအား ဦးစီးမှူးရာထူးသို့ တိုးမြှင့်ပေးရေးအတွက် ရေးဖြေစာမေးပွဲကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသည့် ဒုတိယဦးစီးမှူးများအား ဦးစီးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားရေးအတွက် အရည်အချင်းစစ် ရေးဖြေ စာမေးပွဲကို ၉-၂-၂၀၂၃ ရက်နေ့နှင့် ၁၀-၂-၂၀၂၃ ရက်နေ့များတွင် ပင်စင်ဦးစီးဌာန (ရုံးချုပ်)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဦးစီးမှူး (၁၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ပါသည်။ စာမေးပွဲ ကျင်းပနေစဉ်အတွင်း ပင်စင်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် လာရောကြည့်ရှုစစ်ဆေး၍ စာမေးပွဲ ခန်းမ ကြီးကြပ်သူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး စာမေးပွဲဖြေဆိုသူဝန်ထမ်းများ အား အားပေးစကားပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေးစဉ်

 

ညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေးစဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော စိစစ်ရေးမှူး-၄ ရာထူး (၄) နေရာဖြည့်စွက်ခန့်ထားရေးအတွက် ရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်ခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော စိစစ်ရေးမှူး-၄ ရာထူး (၄) နေရာအတွက် ပြင်ပမှပုဂ္ဂိုလ်များမှ ခေါ်ယူဖြည့်စွက်ခန့်ထားရေးအတွက် ရေးဖြေစာမေးပွဲ ကို ၈-၂-၂၀၂၃ ရက်နေ့တွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၄)၊ ပင်စင်ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကျင်းပပြုလုပ်နေစဉ်အတွင်း ပင်စင်ဦးစီးဌာန၏ ညွှန်ကြား‌ရေးမှူးချုပ်မှ စာမေးပွဲလာရောက်ဖြေဆိုသူများအား ရင်းရင်းနှီးနှီးလာရောက် တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေးစဉ်

ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ပင်စင်ဥပဒေသုံးသပ် ပြင်ဆင်ရေး အထောက်အကူပြုအဖွဲ့၏ ၂/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ၂၆-၁-၂၀၂၃ ရက်နေ့ ၊ ၁၄:၀၀ နာရီတွင် ပင်စင်ဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဥပဒေသုံးသပ် ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့် နှင့် ပင်စင်ဥပဒေ သုံးသပ်ပြင်ဆင်ရေး အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အဖွင့်အမှာစကားပြောကြားပြီး၊ ပင်စင်ဥပဒေ သုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဉီးမိုးကြည်က ပင်စင်ဥပဒေ သုံးသပ်ပြင်ဆင်ရေးအဖွဲ့၏ ၁/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဌာနခွဲများမှ ပင်စင်အမျိုးအစားအလိုက်ပြင်ဆင်သင့်သည့် အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ပင်စင်အမျိုးအစားအလိုက် ပြင်ဆင်သင့်သည့် အချက်အလက်များ ရှာဖွေပြုစုတင်ပြရေးအဖွဲ့မှ ပင်စင်အမျိုးအစားအလိုက် ပြင်ဆင်သင့်သည့် အချက် အလက်များအား ရှင်းလင်းတင်ပြကြပါသည်။ အဆိုပါ ရှင်လင်းချက်များနှင့်စပ်လျဉ်း၍ အစည်းအဝေးသို့ တက်ရောက်သည့် အထောက်အကူပြုအဖွဲ့ဝင်များက ပြင်ဆင်သင့်သည့်ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပြီး အကြံပြုဆွေးနွေးချက်များအပေါ် ဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး ၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီးနောက် ၁၆:၀၀ နာရီတွင် အစည်းအဝေးရုပ်သိမ်းခဲ့ပါသည်။

ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားစဉ်

ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားစဉ်

အတွင်းရေးမှူးမှ ရှင်းလင်းတင်ပြစဉ်

ပင်စင်အချက်အလက်ရှာဖွေပြုစုတင်ပြရေးအဖွဲ့ဝင်(၁)ဦးမှ ရှင်းလင်းတင်ပြစဉ်

ပင်စင်အချက်အလက်ရှာဖွေပြုစုတင်ပြရေးအဖွဲ့ဝင်(၁)ဦးမှ ရှင်းလင်းတင်ပြစဉ်

အဖွဲ့ဝင်(၁)ဦးမှ ဖြည့်စွက်ဆွေးနွေးစဉ်

အဖွဲ့ဝင်(၁)ဦးမှ ဖြည့်စွက်ဆွေးနွေးစဉ်

အဖွဲ့ဝင်(၁)ဦးမှ ဖြည့်စွက်ဆွေးနွေးစဉ်

အစည်းအဝေးကျင်းပပြုလုပ်စဉ်