ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၃၀-၁၁-၂၀၂၃ ရက်နေ့၊ နံနက်(၉:၃၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး၊ ပင်စင်ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့်ကော်မတီဝင်များမှလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ကော်မတီဝင်များ၏ အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီ ဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီ တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားစဉ်
ကော်မတီအတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြစဉ်
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားစဉ်
ဥပဒေရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားစဉ်
ဝန်ထမ်းရေးရာဦးစီးဌာနဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားစဉ်
မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေမန်နေဂျာက ဆွေးနွေးပြောကြားစဉ်
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားစဉ်
ငွေတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားစဉ်
အဆင့်မြင့်ပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားစဉ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ညွှန်ကြားရေးမှူးက ဆွေးနွေးပြောကြားစဉ်
လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက ဆွေးနွေးပြောကြားစဉ်
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆွေးနွေးပြောကြားစဉ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ညွှန်ကြားရေးမှူးက ဆွေးနွေးပြောကြားစဉ်
ကော်မတီအတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ပြန်လည်ရှင်းလင်းတင်ပြစဉ်
ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးက ဆွေးနွေးပြောကြားစဉ်
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကျင်းပနေစဉ်
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိဂုံးချုပ်အမှာစကားပြောကြားစဉ်