Pension Management Web Portal Development လုပ်ငန်း Upgrade ဆောင်ရွက်ခြင်း (Phase II) အကောင်အထည်ဖော်ခြင်းလုပ်ငန်းအတွက် ငွေကြေးအဆိုပြုလွှာ တင်ဒါဖွင့်ဖောက်စိစစ်ခြင်း

Pension Management Web Portal Development လုပ်ငန်း Upgrade ဆောင်ရွက်ခြင်း (Phase II) အကောင်အထည်ဖော်ခြင်းလုပ်ငန်းအတွက် ငွေကြေးအဆိုပြုလွှာ တင်ဒါဖွင့်ဖောက်စိစစ်ခြင်း အခမ်းအနားအား ၃-၅-၂၀၂၁ ရက်နေ့တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားကို တင်ဒါကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကုမ္ပဏီ (၃) ခုမှ တင်သွင်းလာသော ငွေကြေးအဆိုပြုလွှာများကို တင်ဒါကော်မတီအဖွဲ့ဝင်များ ရှေ့မှောက်တွင် ဖွင့်ဖောက် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

Pension Management Web Portal Development လုပ်ငန်း Upgrade ဆောင်ရွက်ခြင်း (Phase II) အကောင်အထည်ဖော်ခြင်းလုပ်ငန်းအတွက် နည်းပညာအဆိုပြုလွှာဖွင့်ဖောက်စစ်ဆေးခြင်း

         Pension Management Web Portal Development လုပ်ငန်း Upgrade ဆောင်ရွက်ခြင်း (Phase II) အကောင်အထည်ဖော်ခြင်းလုပ်ငန်းအတွက် နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်း နှင့် ကုမ္ပဏီ များမှ Presentation တင်ပြခြင်း အခမ်းအနားအား ၂၃-၄-၂၀၂၁ ရက်နေ့တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီဝင် များ တက်ရောက်ခဲ့ပြီး ကုမ္ပဏီများမှ ၎င်းတို့၏ နည်းပညာရှင်းလင်းချက်များကို Online စနစ်ဖြင့် တင်ပြခဲ့ကြပါသည်။ တင်ဒါကော်မတီအဖွဲ့ဝင်များမှ ကုမ္ပဏီများ၏ နည်းပညာ ရှင်းလင်းချက်များအပေါ် စစ်ဆေးအကဲဖြတ် အမှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

 

(၄.၆.၂၀၂၀) ရက်နေ့တွင် အိန္ဒိယနိုင်ငံ PFRDA (Pension Fund Regulatory and Development Authority) မှ ဥက္ကဌ Mr.Supratin နှင့် အိန္ဒိယသံရုံးအဖွဲ့မှ လက်ထောက်အကြီးအကဲဖြစ်သော Dr.Sumit တို့နှင့် Online Video Conferencing ဖြင့်ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

India နိုင်ငံ Pension Fund Regulatory and Development Authority (PFRDA) မှ Chairman Mr.Supratin နဲ့ team..Indian Embassy မှ Deputy Chief Dr.Sumit တို့နှင့် Online Video conferencing 

” Learning experiences from the Neighbours”

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပင်စင်ဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပင်စင်ဉီးစီးဌာနရုံးအမှတ်(၃၄) အဝင်လမ်း ပင်မတံခါးပေါက်အနီးမှ ဝဲဘက်သို့ အရှည် ၄၉၀’၊ အကျယ် ၁၂’၊ ထု ၈” သံကူကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းအား (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် အပြီးဆောင်ရွက်ရန်ရှိပါသဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပင်စင်ဉီးစီးဌာနမှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund – CPF) ၏ (Management Information System – MIS) Software ဆောင်ရွက်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

(၁၅.၅.၂၀၂၀) ရက်နေ့တွင်ဝန်ထမ်းနောင်ရေးဗဟိုရံပုံငွေအကောင်အထည်ဖော်ရေးအတွက် MIS Software Tendering ခေါ်ယူရေးအတွက် လိုအပ်သည့် Tender Bidding Document နဲ့တကွ Work Flow Process များတွင်လိုအပ်မည့် Module များအား ပြင်ပပညာရှင် Working Group Member များနဲ့ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းအသိပေးကြေညာချက်

ပင်စင်ဉီးစီးဌာနတွင်လစ်လပ်လျက်ရှိသော ဒုတိယဉီးစီးမှူးရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်းအသိပေးကြေညာခြင်း (စာမေးပွဲကျင်းပမည့်နေ့ရက်အား နှစ်ပတ်ကြိုတင်ကြေညာပေးသွားမည်ဖြစ်ပါသည်)