အင်တာနက်အသုံးပြုခြင်းနှင့်ဆက်စပ်သော ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန် တင်ဒါကော်မတီ အစည်းအဝေးကျင်းပခြင်း

ပင်စင်ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အင်တာနက်အသုံးပြုခြင်းနှင့် ဆက်စပ်သော ပြုပြင် ထိန်းသိမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ (၃)ခု၏ အဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးမှု ရလဒ်အား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးအား ၁၇-၆-၂၀၂၂ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီတွင် ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တင်ဒါကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သော တင်ဒါကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် တင်ဒါကော်မတီ အတွင်းရေးမှူး၊  ပင်စင်ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ ကုမ္ပဏီ (၃) ခု၏ အဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးမှုရလဒ်များ ကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသော တင်ဒါကော်မတီအဖွဲ့ဝင်များမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါ သည်။ တင်ဒါကော်မတီ ဥက္ကဋ္ဌမှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လမ်းညွှန် မှာကြားကာ အစည်းအဝေးကို နေ့လယ် (၁၄:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

တင်ဒါကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားစဉ်

တင်ဒါကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားစဉ်

တင်ဒါကော်မတီ အတွင်းရေးမှူးမှ စစ်ဆေးမှုရလဒ်အား ရှင်းလင်းတင်ပြစဉ်

တင်ဒါကော်မတီ အတွင်းရေးမှူးမှ စစ်ဆေးမှုရလဒ်အား ရှင်းလင်းတင်ပြစဉ်

တင်ဒါကော်မတီ အဖွဲ့ဝင် ဒေါ်စီစီပြုံးမှ ဖြည့်စွက်ဆွေးနွေးစဉ်

တင်ဒါကော်မတီ အဖွဲ့ဝင် ဦးဇော်နိုင်မှ ဖြည့်စွက်ဆွေးနွေးစဉ်

တင်ဒါကော်မတီ တွဲဖက်အတွင်းရေးမှူးမှ ရှင်းလင်းတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်သော သင်တန်း၌ "ပင်စင်စနစ်ပြုပြင်ပြောင်းလဲမှု" ဘာသာရပ်ဆွေးနွေးပို့ချခြင်း

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်သည် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်သော ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၄)နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၇) တို့၌ ၁၃-၆-၂၀၂၂ ရက်နေ့တွင် “ပင်စင်စနစ်ပြုပြင်ပြောင်း လဲမှု”ဘာသာရပ်အား သွားရောက်ဆွေးနွေး ပို့ချခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးပို့ချစဉ်

ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးပို့ချစဉ်

ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးပို့ချစဉ်

 

 

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီ ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၁၆-၆-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းနှင့် ဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်းပြန်လည်စိစစ်ရေးနှင့်နည်းဥပဒေရေးဆွဲရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အဖွင့်အမှာစကားပြောကြား၍ ဆပ်ကော်မတီအတွင်းရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆပ်ကော်မတီဝင်များ၏ သဘောထားမှတ်ချက်များ ရယူရမည့် ဥပဒေကြမ်းပါ ပုဒ်မများအား ပုဒ်မ တစ်ခုချင်းအလိုက် ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သော ဆပ်ကော်မတီဝင်များက ဆွေးနွေးညှိနှိုင်းခြင်းများ၊ အကြံပြုမှတ်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့ ကြပါသည်။ ဆက်လက်၍ ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်မှ နိဂုံးချုပ် အမှာ စကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် (၁၂:၂၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ညွှန်ကြား‌ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြား‌ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ဒုတိယညွှန်ကြား‌ရေးမှူးချုပ်မှ ရှင်းလင်းဆွေးနွေးပြောကြားစဉ်

ဆပ်ကော်မတီဝင်များမှ  ရှင်းလင်းဆွေးနွေးပြောကြားစဉ်

ပင်စင်စနစ်ပြုပြုပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ  ရှင်းလင်းဆွေးနွေးပြောကြားစဉ်

ဆပ်ကော်မတီဝင်များမှ  ရှင်းလင်းဆွေးနွေးပြောကြားစဉ်

ဆပ်ကော်မတီဝင်များမှ  ရှင်းလင်းဆွေးနွေးပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်မှ  နိဂုံးချုပ်အမှာစကားပြောကြားစဉ်

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပခြင်း

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ (၂/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက်အရ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဌာနတွင်း ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင် အထည်ဖော်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးအား ၃-၆-၂၀၂၂ ရက်နေ့တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းအပေါ် ဆွေးနွေးသုံးသပ်၍ အကြံပြု မှတ်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်မှ ဥပဒေကြမ်းအပေါ် ဆွေးနွေးသုံးသပ်စဉ်

ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးစဉ်

အဖွဲ့ဝင်တစ်ဦးမှ ဆွေးနွေးတင်ပြစဉ်

ဥပဒေကြမ်းအပေါ် ဆွေးနွေးသုံးသပ်ကြစဉ်

ပင်စင်ဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၁-၆-၂၀၂၂ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပင်စင်ဦးစီးဌာန (ရုံးချုပ်)နှင့် ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online ဖြင့် ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ ရုံးချုပ်ရှိ ဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ပင်စင်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ တိုင်း‌ဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ တာဝန်ခံများ၊ ဒုတိယတာဝန်ခံများ တက်ရောက်ခဲ့ပါသည်။

ညွှန်ကြား‌ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးပြောကြားစဉ်

တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ခံများမှ တင်ပြဆွေးနွေးစဉ်

တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ခံများ၏ တင်ပြချက်များအား ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ဆွေးနွေးစဉ်

တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ခံများ၏ တင်ပြချက်များအား ညွှန်ကြားရေးမှူး-HR မှ ပြန်လည်ဆွေးနွေးစဉ်

ပင်စင်ဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပခြင်း

၂၆-၅-၂၀၂၂ ရက်နေ့၊ နေ့လည် (၁၅း၀၀) နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ သက်ဆိုင်ရာဌာနခွဲ တာဝန်ခံများ၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

အခမ်းအနားတက်ရောက်လာသူ ဝန်ထမ်းတစ်ဦးမှ ဌာန၏လုပ်ငန်းဆောင်ရွက်မှုများအား ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြစဉ်

အခမ်းအနားတက်ရောက်လာသည့် ဝန်ထမ်းများအား ညွှန်ကြားရေးမှူးချုပ်မှ

ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စဉ်

ညွှန်ကြားရေးမှူးချုပ်မှ ဧရာဝတီတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးသို့ ရုံးလုပ်ငန်းများ သွားရောက်စစ်ဆေးခြင်း

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ (၁၂-၅-၂၀၂၂) ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပင်စင်ဦးစီးမှူးရုံးသို့ ရုံးလုပ်ငန်းများ သွားရောက်စစ်ဆေး၍ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပင်စင်ဆိုင်ရာကိစ္စရပ်များနှင့် ရုံးလုပ်ငန်းဆောင်ရွက်မှုများအပေါ် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့စီးပွားရေးဘဏ် (ပုသိမ်) သို့ သွားရောက်၍ ဘဏ်ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပင်စင်ထုတ်ပေးမှုဆိုင်ရာ ကိစ္စရပ်များ၊ ပင်စင်စားတို့၏ အခက်အခဲများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ (၁၃-၅-၂၀၂၂) ရက်နေ့တွင် မြန်မာ့စီးပွားရေးဘဏ် (ပုသိမ်) ဘဏ်ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပင်စင်ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခြင်း

 

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဌာနတွင်း ဝန်ထမ်း နောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဌာနတွင်း ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၉-၄-၂၀၂၂ ရက်နေ့ (သောကြာနေ့)နှင့် ၂-၅-၂၀၂၂ ရက်နေ့ (တနင်္လာနေ့) တို့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊      ညွှန်ကြားရေးမှူးချုပ်၊  ဦးရဲညွန့်၊       ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှုခံယူရမည့်ကိစ္စရပ်များ၊ အငြင်းပွားရန်ရှိသည့် ဥပဒေဆိုင်ရာကိစ္စရပ်များ၊ အခြားသော ဆင့်ပွားသက်ရောက်မှု ရှိလာနိုင်သည့်ကိစ္စရပ်များ၊ အခြားဥပဒေများနှင့် ဆက်စပ်စဉ်းစားရမည့်ကိစ္စရပ်များအပြင် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီဝင်များမှပေးပို့လာသော သဘောထားမှတ်ချက်ပါ ဥပဒေပုဒ်မများအား နှိုင်းယှဉ်တင်ပြခြင်း နှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ (Central Provident Fund – CPF) အကောင်အထည် ဖော်မည့် IT ပိုင်း ဆိုင်ရာကဏ္ဍရပ်များနှင့် စပ်လျဉ်း၍ တင်ပြခြင်းကို တက်ရောက်လာသည့် လုပ်ငန်းအဖွဲ့ဝင် များက ဆွေးနွေးညှိနှိုင်းခြင်းများ၊ အကြံပြုမှတ်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

 

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီ”၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေသည် ရေရှည်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော အမျိုးသားပင်စင်စနစ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊ ဥပဒေကြမ်းရေးဆွဲရေး၊ ရန်ပုံငွေစနစ်ကျင့်သုံးမည့်ပုံစံတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ လိုအပ်သည်များ အကြံပြုဆွေးနွေး တင်ပြခဲ့ကြသည်။ အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၄-၃-၂၀၂၁ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၇၁/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ သက်ဆိုင်ရာဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေး မှူးချုပ်များလည်း ပါဝင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်များနှင့် စပ်လျဉ်း၍ ရေရှည်တည်တံ့ခိုင်မြဲပြီး အားကိုးအားထားပြုနိုင်သည့် ပင်စင်ရန်ပုံငွေစနစ်တစ်ရပ်ကို ထူထောင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။