ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ရခိုင်ပြည်နယ်တွင် အလွန့်အလွန် အားကောင်းသည့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန/လုပ်ငန်းအဖွဲ့အစည်း (၁၀) ခု သို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရုံးသို့ ရုံးလုပ်ငန်းများ သွားရောက်စစ်ဆေးခြင်း

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ (၁၃-၆-၂၀၂၃) ရက်နေ့တွင် ရခိုင်ပြည်နယ်တွင် အလွန့် အလွန်အားကောင်းသည့် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/လုပ်ငန်းအဖွဲ့အစည်း (၁၀)ခုသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မိုခါမုန်တိုင်း ကြောင့်ပျက်ဆီးဆုံးရှုံးမှုနှင့်ပတ်သတ်၍ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့် မှာကြားခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန / လုပ်ငန်းအဖွဲ့အစည်း (၁၀) ခုရှိ ပြည်နယ် ဦးစီးမှူးများမှလည်း ၎င်းတို့ရုံးများ၏ ပျက်စီးဆုံးရှုံးမှု အခြေအနေများအား မှတ်တမ်းဓါတ်ပုံများနှင့်တကွ ရှင်းလင်းတင်ပြပြီး  ပြန်လည်ပြင်ဆင်လျက်ရှိသည့်အခြေအနေများနှင့် တွေ့ကြုံနေရသည့်အခက်အခဲများ ကို အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ (၁၃-၆-၂၀၂၃) ရက်နေ့တွင် ရခိုင်ပြည်နယ်ပင်စင် ဦးစီးမှူးရုံးသို့ ရုံးလုပ်ငန်းများ သွားရောက်စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပင်စင်ဆိုင်ရာကိစ္စရပ် များနှင့် ရုံးလုပ်ငန်းဆောင်ရွက်မှုများအပေါ် လမ်းညွှန်မှာကြားခဲ့ပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ (၁၄-၆-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးသို့ ရုံးလုပ်ငန်းများ သွားရောက်စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပင်စင်ဆိုင်ရာ ကိစ္စရပ်များနှင့် ရုံးလုပ်ငန်းဆောင်ရွက်မှုများအပေါ် လမ်းညွှန်မှာကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/လုပ်ငန်းအဖွဲ့အစည်း (၁၀) ခုမှ တာဝန်ရှိသူများအား မိုခါမုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုနှင့်ပတ်သတ်၍ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်မှာကြားစဉ်  

ညွှန်ကြားရေးမှူးချုပ်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/လုပ်ငန်းအဖွဲ့အစည်း (၁၀) ခုမှ တာဝန်ရှိသူများအား မိုခါမုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုနှင့်ပတ်သတ်၍ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်မှာကြားစဉ်

 ရခိုင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးမှူးရုံး၏ မိုခါမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြအနေ

ရခိုင်ပြည်နယ် အကောက်ခွန်ဦးစီးမှူးရုံး ဝန်ထမ်းအိမ်ရာ၏ မိုခါမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြအနေ

ရခိုင်ပြည်နယ် အကောက်ခွန်ဦးစီးမှူးရုံး၏ မိုခါမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြအနေ

ရခိုင်ပြည်နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၏  မိုခါမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြအနေ

ရခိုင်ပြည်နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၏  မိုခါမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြအနေ

ညွှန်ကြားရေးမှူးချုပ်မှ ရခိုင်ပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးမှူးရုံး၏  မိုခါမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြအနေအား စစ်ဆေးစဉ်

ရခိုင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ မိုခါမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြအနေ

ရခိုင်ပြည်နယ် မြန်မာ့အာမခံလုပ်ငန်း၏ မိုခါမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြအနေ

ညွှန်ကြားရေးမှူးချုပ်မှ ရခိုင်ပြည်နယ် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးမှူးရုံး၏  မိုခါမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြအနေအား စစ်ဆေးစဉ်

ရခိုင်ပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့ရုံး၏ မိုခါမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြအနေ

ညွှန်ကြားရေးမှူးချုပ်မှ ရခိုင်ပြည်နယ် ပင်စင်ဦးစီးမှူးရုံး၏ မိုခါမုန်တိုင်းကြောင့် ပျက်စီးမှုအခြေအနေအား စစ်ဆေးစဉ်

ရခိုင်ပြည်နယ် ပင်စင်ဦးစီးမှူးရုံး၏ မိုခါမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြအနေ

ရခိုင်ပြည်နယ် ပင်စင်ဦးစီးမှူးရုံး၏ မိုခါမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအား အဆောက်အဦအမိုး ပြုပြင်ထားမှုအခြေအနေ

ညွှန်ကြားရေးမှူးချုပ်မှ ရခိုင်ပြည်နယ် ပင်စင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား တွေ့ဆုံကာ လမ်းညွှန်မှာကြားစဉ်

ညွှန်ကြားရေးမှူးချုပ်မှ ရခိုင်ပြည်နယ် ပင်စင်ဦးစီးမှူးရုံး၏ ရုံးလုပ်ငန်းများအား စစ်ဆေးစဉ်

ညွှန်ကြားရေးမှူးချုပ်မှ ရန်ကုန်တိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား တွေ့ဆုံကာ လမ်းညွှန်မှာကြားစဉ်

ညွှန်ကြားရေးမှူးချုပ်မှ ရန်ကုန်တိုင်း‌ဒေသကြီး ပင်စင်ဦးစီးမှူးရုံး၏ ရုံးလုပ်ငန်းများအား စစ်ဆေးစဉ်

 

ညွှန်ကြားရေးမှူးချုပ်မှ မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးသို့ ရုံးလုပ်ငန်းများ သွားရောက်စစ်ဆေးခြင်းနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့ “ပင်စင်စနစ်ပြုပြင် ပြောင်းလဲရေးဘာသာရပ်” ဆွေးနွေးပို့ချခြင်း

     ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ (၁-၆-၂၀၂၃) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးသို့ ရုံးလုပ်ငန်းများ သွားရောက်စစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပင်စင်ဆိုင်ရာကိစ္စ ရပ်များနှင့် ရုံးလုပ်ငန်းဆောင်ရွက်မှုများအပေါ် လမ်းညွှန်မှာကြားခဲ့ပါသည်။
ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ ( ၂-၆-၂၀၂၃ ) ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ( အထက်မြန်မာပြည် ) ၌ ဖွင့်လှစ်ပို့ချလျက်ရှိသည့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်းအမှတ်စဉ် (၁၃) နှင့် အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ်(၁၄) တို့တွင် “ပင်စင် စနစ်ပြုပြင်ပြောင်းလဲရေးဘာသာရပ်” အား သွားရောက်ဆွေးနွေးပို့ချခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား တွေ့ဆုံကာ လမ်းညွှန်မှာကြားစဉ်  

ညွှန်ကြားရေးမှူးချုပ်မှ မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးရှိ ရုံးလုပ်ငန်းများအား စစ်ဆေးစဉ်

ညွှန်ကြားရေးမှူးချုပ်မှ မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးရှိ ရုံးလုပ်ငန်းများအား စစ်ဆေးစဉ်

ညွှန်ကြားရေးမှူးချုပ်မှ မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား တွေ့ဆုံကာ လမ်းညွှန်မှာကြားစဉ်  

 ညွှန်ကြားရေးမှူးချုပ်မှ ပင်စင်စနစ်ပြုပြင်ပြောင်းလဲမှုဘာသာရပ်အား ဆွေးနွေးပို့ချစဉ်

ညွှန်ကြားရေးမှူးချုပ်မှ ပင်စင်စနစ်ပြုပြင်ပြောင်းလဲမှုဘာသာရပ်အား ဆွေးနွေးပို့ချစဉ်

 

 

 

 

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးလုပ်ငန်း အထောက်အကူပြုဆပ် ကော်မတီနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲ ရေးဆပ်ကော်မတီတို့၏ (၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

၁၉-၅-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးလုပ်ငန်း အထောက်အကူ ပြုဆပ်ကော်မတီနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေး ဆွဲရေးဆပ်ကော်မတီတို့၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးအား ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ ဦးဆောင်၍ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော်ရေးလုပ်ငန်း အထောက်အကူပြု ဆပ်ကော်မတီဝင်များနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းပြန်လည်စိစစ် ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားပြီး ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင် ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမိုးကြည်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကြမ်း ပြင်ဆင်နေမှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ညှိနှိုင်းအစည်းအဝေးအား (၁၂:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမိုးကြည်မှ ရှင်းလင်းတင်ပြစဉ်

မြန်မာ့စီးပွားရေးဘဏ်၊ ဒုတိယအထွေထွေမန်နေဂျာမှ ဆွေးနွေးပြောကြားစဉ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ နိဂုံးချုပ်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၏ ၃/၂၀၂၃ ကြိမ်မြောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား ကျင်းပခြင်း

၅-၅-၂၀၂၃ ရက်နေ့၊ နေ့လည် (၀၂း၀၀) နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) မှ သက်ဆိုင်ရာဌာနခွဲ တာဝန်ခံများ၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများမှ တာဝန်ခံ များနှင့် အရာထမ်း၊ အမှုထမ်းများကလည်း Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ ဆောင်ရွက်ရမည့်ရုံးလုပ်ငန်းစဉ်များအား ပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ နိဂုံးချုပ်အမှာစကားပြောကြားစဉ်

ပင်စင်ငွေပေးမိန့်ထုတ်ပြန်ရာတွင် အမှတ်တံဆိပ်ကပ်နှိပ်ရေး ရှင်းလင်းတင်ပြခြင်း အစည်းအဝေး ကျင်းပခြင်း

ပင်စင်ငွေပေးမိန့်ထုတ်ပြန်ရာတွင် အမှတ်တံဆိပ်ကပ်နှိပ်ရေး ရှင်းလင်းတင်ပြခြင်း အစည်းအဝေးအား ၂၈-၄-၂၀၂၃ ရက်နေ့၊ ၁၈:၃၀ နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့်တကွ အစည်းအဝေး တက်ရောက်လာသူများအား D.I.S Technology Co.,Ltd မှ လုပ်ငန်းစဉ်ရေးဆွဲဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ပင်စင်ဦးစီးဌာနမှလည်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခြင်း များ ဆောင်ရွက်ကာ အစည်းအဝေးကို ၁၉:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးမှ အမှာစကား ပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းတင်ပြစဉ်

D.I.S Technology Co.,Ltd မှ လုပ်ငန်းစဉ်ရေးဆွဲဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြစဉ်

ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်

၁၃၈၄ ခုနှစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မိသားစုမဟာသင်္ကြန်ပွဲတော်တွင် ပင်စင်ဦးစီးဌာနမှ ပါဝင်ဆင်နွှဲခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ၆-၄-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၃၈၄ ခုနှစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မိသားစုမဟာသင်္ကြန် ပွဲတော်တွင် ပင်စင်ဦးစီးဌာနမှ ယိမ်းအကအဖွဲ့က “ရှာပုံတော်မင်းသားကြီး” သီချင်းဖြင့် ယိမ်းအက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဌာန၏ စတုဒီသာမဏ္ဍပ်တွင် မြန်မာ့ရိုးရာအစားအစာ ဖြစ်သော မုန့်လုံရေပေါ်ဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။ မိသားစုသင်္ကြန်ပွဲတော်တွင် ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများမှလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြပါသည်။

 

စတုဒီသာမဏ္ဍပ်တွင် ဧည့်ခံကျွေးမွေးရန် မုန့်လုံးရေပေါ်ပြင်ဆင်နေစဉ်

 

ညွှန်ကြားရေးမှူးချုပ်မှ ဝန်ကြီးဌာန မိသားစုမဟာသင်္ကြန်တွင် ပါဝင်ဆင်နွှဲစဉ်

 

ပင်စင်ဦးစီးဌဦန၊ ယိမ်းအဖွဲ့မှ ပါဝင်ဆင်နွှဲစဉ်

 

ပင်စင်ဦးစီးဌာန၊ စတုဒီသာမဏ္ဍပ်မှ မုန့်လုံးရေပေါ်ဖြင့် ဧည့်ခံကျွေးမွေးစဉ်

 

“ရှာပုံ‌တော်မင်းသားကြီး” သီချင်းဖြင့် ဖျော်ဖြေယှဉ်ပြိုင်သည့် ပင်စင်ဦးစီးဌာန၏ ယိမ်းအဖွဲ့အား တွေ့ရစဉ်

 

ပင်စင်ဦးစီးဌာန၏ ၂/၂၀၂၃ ကြိမ်မြောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၂/၂၀၂၃ ကြိမ်မြောက်ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ၅-၄-၂၀၂၃ ရက်နေ့၊ (၁၄:၀၀) အချိန်၌ ကျင်းပခဲ့ပါ သည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ သက်ဆိုင်ရာဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးများ၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား တွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများအား ထပ်ဆင့်လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်း များ သက်သာချောင်ချိရေးအတွက် စားသုံးဆီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ ပါသည်။

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသီချင်း (Theme Song) အား ရေးသားသီဆိုသူ ပင်စင်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဦးလင်းထက်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်စဉ်

 

ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စားသုံးဆီထောက်ပံ့ပေးမှုအား အရာထမ်းများကိုယ်စား ဦးစီးအရာရှိ၊ ဒေါ်ခင်ခင်စိုးမှ လက်ခံရယူနေစဉ်

 

ဒုတိယညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စားသုံးဆီထောက်ပံ့ပေးမှုအား အမှုထမ်းများကိုယ်စား ဒုတိယဦးစီးမှူး၊ ဒေါ်နှင်းဝေဖြိုးမှ လက်ခံရယူနေစဉ်

ပင်စင်ငွေပေးမိန့်လွှာများတွင် QR Code စနစ်ဖြင့် စိစစ်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပခြင်း

ပြည်တွင်းအခွန်များဦးစီးဌာန၊ ပင်စင်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ် ပူးပေါင်း၍ ပင်စင်ငွေပေးမိန့် လွှာများတွင် QR Code စနစ်ဖြင့် စိစစ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးအား ၂၃-၃-၂၀၂၃ ရက်နေ့ (ကြာသပတေးနေ့) ၊ နေ့လယ် (၁၂:၃၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေမန်နေဂျာ ဒေါ်ခင်ချိုဦးနှင့် တာဝန်ရှိသူများ၊ ပင်စင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ အဖွင့်အမှာစကား ပြောကြား၍ ပင်စင် ငွေပေးမိန့်လွှာများတွင် QR Code စနစ်ဖြင့် စိစစ်ဆောင်ရွက်မည့်လုပ်ငန်းစဉ် ဆောင်ရွက် ထားရှိမှုအပေါ် D.I.S Technology Co.,Ltd မှ ရှင်းလင်းတင်ပြခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များ မေးမြန်း၍ ဖြည့်စွက် ဆွေးနွေးခြင်း၊ အကြံပြုမှတ်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ညနေ (၁၄:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) တွင် (၁/၂၀၂၃) ကြိမ်မြောက် ဝန်ထမ်းများ၏ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်ခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) ၏ (၁/၂၀၂၃) ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၁၆-၂-၂၀၂၃ ရက်နေ့တွင် ရုံးအမှတ် (၃၄) စုပေါင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများအား ထပ်ဆင့်လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဝန်ထမ်း များမှ ဌာနအကျိုးပြု ဆန္ဒပြုတင်ပြမှုများပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ တင်ပြချက်များအား ပြန်လည်ဆွေးနွေးပေးခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

 

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

 

တက်ရောက်လာသည့်ဝန်ထမ်းများမှ ဆန္ဒပြုဆွေးနွေးတင်ပြစဉ်

 

တက်ရောက်လာသည့်ဝန်ထမ်းများမှ ဆန္ဒပြုဆွေးနွေးတင်ပြစဉ်

 

ဆန္ဒပြုတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနခွဲများမှ ပြန်လည်ဆွေးနွေးစဉ်

 

ဆန္ဒပြုတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနခွဲများမှ ပြန်လည်ဆွေးနွေးစဉ်

 

ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားစဉ်