ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေနှင့် စပ်လျဉ်း၍ ၁၃-၇-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်များအ‌ပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးကျင်းပခြင်း

၅-၈-၂၀၂၂ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ ပင်စင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေနှင့် စပ်လျဉ်း၍ ၁၃-၇-၂၀၂၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်များအ‌ပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက် အစည်းအဝေးအား ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဦးဆောင်၍ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ ဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက် ညွှန်ကြားရေးမှူးများက တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အဖွင့်အမှာ စကားပြောကြားပြီး  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ထူထောင်ဆောင်ရွက်မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမိုးကြည် က ၁၃-၇-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်များအ‌ပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဌာနခွဲအသီးသီးမှ ၎င်းတို့ဆောင်ရွက်မည့် အခြေ အနေများနှင့်စပ်လျဉ်း၍ တင်ပြချက်များအား စုစည်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အစည်း အဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပါသည်။ အဆိုပါအချက် များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်က သုံးသပ်ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်း အဝေးအား နေ့လယ် (၁၂:၂၅)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

 

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

 

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

 

ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးစဉ်

 

ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးစဉ်

 

မူဝါဒ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးစဉ်

 

ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးစဉ်

 

အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးစဉ်

 

စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးစဉ်

 

အစည်းအဝေးကျင်းပပြုလုပ်စဉ်

 

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ထူထောင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေ အနေများနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ရုံး တည်ဆောက်ရန် မြေပြုပြင် ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

၁၃-၇-၂၀၂၂ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေထူထောင်ရေး အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေ အနေများနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ရုံး တည်ဆောက်ရန် မြေပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်မှ ဦးဆောင်၍ ကျင်းပဆောင်ရွက်ခဲ့ ပါသည်။အဆိုပါအစည်းအဝေးသို့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီ၏ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး၊ ငွေချေးသက်သေ ခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း၊  ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းတို့ တက်ရောက်ခဲ့ ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်မှ အဖွင့်အမှာစကားပြောကြားပြီး  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ထူထောင်ဆောင်ရွက်မှု အခြေ အနေနှင့်ပတ်သက်၍ တင်ပြခဲ့ပါသည်။ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေ ထူထောင်ရသည့် နောက်ခံအကြောင်းအရင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းနှင့် အကောင်အထည်ဖော်မည့်ပုံစံ၊ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပါသည်။  

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ညှိနှိုင်းအစည်းအဝေး အား ညနေ (၁၆:၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားစဉ်

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားစဉ်

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြစဉ်

 

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြစဉ်

 

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြစဉ်

ပင်စင်ဦးစီးဌာန၏ လစ်လပ်လျက်ရှိသော အမှုထမ်း (၁၄) နေရာအတွက် အရည်အချင်းစစ်စာမေးပွဲကျင်းပခြင်း

ပင်စင်ဦးစီးဌာန၏ လစ်လပ်လျက်ရှိသော အမှုထမ်း (၁၄) နေရာအတွက် အရည်အချင်း စစ်စာမေးပွဲ ကျင်းပခြင်းအား ၂၂-၇-၂၀၂၂ ရက်နေ့တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမနှင့် ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ (အပေါ်ထပ်) တွင် ပြုလုပ်ခဲ့ပါသည်။ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ဖြေဆိုသူများအား Online စနစ်ဖြင့် ဖြေဆိုခြင်း ဆောင်ရွက်ခဲ့ပါသည်။ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုနေမှုအား ညွှန်ကြားရေးမှူးချူပ် ဦးရဲညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းမှ လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေးစဉ်

 

ညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေးစဉ်

 

ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေးစဉ်

 

စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးစဉ်

 

စာမေးပွဲဖြေဆိုနေမှုမှတ်တမ်း

၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပင်စင်လစာငွေများနှင့်ဆုငွေများစာရင်း၏ ဘဏ်ရှင်းတမ်း(Bank Statement) နှင့် နေ့အလိုက် ပင်စင်လစာထုတ်ပေးမှုစာရင်း ( Bank Scroll ) များ မှန်ကန်မှု ရှိစေရေးအတွက် ပင်စင်ဦးစီးဌာနနှင့် မြန်မာ့စီးပွား‌ရေးဘဏ်တို့ ညှိနှိုင်းအစည်းအဝေး

၂၀၂၂ – ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပင်စင်လစာငွေများနှင့် ဆုငွေများစာရင်း၏ ဘဏ်ရှင်းတမ်း ( Bank Statement ) နှင့် နေ့အလိုက် ပင်စင်လစာထုတ်ပေးမှုစာရင်း ( Bank Scroll ) များ မှန်ကန်မှု ရှိစေရေး အတွက် ပင်စင်ဦးစီးဌာနနှင့် မြန်မာ့စီးပွား‌ရေးဘဏ်တို့ ညှိနှိုင်းအစည်းအဝေးကို ၇ – ၇ -၂၀၂၂ ရက်နေ့၊ နေ့လယ် ( ၁၄ : ၀၀ ) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ( ၃၄ )၊ ပင်စင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး နှင့် အဖွဲ့များတက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး တို့မှ အဖွင့်အမှာစကား ပြောကြား၍ ဌာနခွဲတာဝန်ခံများမှ COVID–19 ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုအခြေအနေများကြောင့် ဆက်သွယ်ရန်ခက်ခဲသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှ ပင်စင်လစာနှင့်ဆုငွေများ အသုံးစရိတ်စာရင်း အတွက် နေ့အလိုက် ပင်စင်လစာထုတ်ယူမှုစာရင်း ( Bank Scroll ) နှင့် လစဉ်ဘဏ်ရှင်းတမ်း ( Bank Statement ) များ၊ DL လက်ကျန်အတည်ပြုလွှာများ အချိန်မီရရှိနိုင်ရေးနှင့် ကိန်းဂဏန်းမှန်ကန်မှုရှိစေ ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် ( ၁၅:၃၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်မှ ရှင်းလင်းဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးမှ ရှင်းလင်းဆွေးနွေးတင်ပြစဉ်

မြန်မာ့စီးပွားရေးဘဏ်၊ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းဆွေးနွေးတင်ပြစဉ်

အစည်းအဝေး ကျင်းပပြုလုပ်နေစဉ်

ညွှန်ကြားရေးမှူးချုပ်မှ  နိဂုံးချုပ်အမှာစကားပြောကြားစဉ်

 

 

 

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးကို ၅-၇-၂၀၂၂ ရက်နေ့၊ ‌နေ့လယ် (၁၄:၀၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ကြသည်။ အစည်းအဝေး တွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး၊ ပင်စင် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲပြီးစီးမှုအခြေအနေများနှင့် အကောင်အထည်ဖော်မည့် ပုံစံများအား ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှလည်း ပုဒ်မတစ်ခုချင်းအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ကော်မတီဝင်များ၏ အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကား ပြောကြား ပြီး အစည်းအဝေးကို ညနေ (၅:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားစဉ်

ကော်မတီ အတွင်းရေးမှူးမှ ဥပဒေကြမ်းရေးဆွဲပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြစဉ်

ကော်မတီ အတွင်းရေးမှူးမှ ဥပဒေကြမ်းရေးဆွဲပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြစဉ်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ဆွေးနွေးတင်ပြစဉ်

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်

ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်‌ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်

ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်

လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ဝန်ထမ်းရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်

အစည်းအဝေးကျင်းပပြုလုပ်နေစဉ်

အစည်းအဝေးကျင်းပပြုလုပ်နေစဉ်